*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*

Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow

*တရားတော် တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်*

Live!
Dhamma Request Print E-mail
Written by Administrator
Friday, 31 July 2009 02:30

မင်္ဂလာပါ ခင်ဗျား...

တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး အဝေးရောက်နေကြတာရှိကြပါတယ်။ အဲဒီမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်တရားကိုတော့ဖြင့် နာယူခွင့်ရစေချင်တယ်... ပြီးတော့ တစ်ချိန်တည်းမှာ အတူတူနာယူချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေက တစ်ဦးတစ်ယောက်မှာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အကောင်းအထည်ဖော်ပေးချင်ပါတယ်။

ငယ်ငယ်က စဉ်းစားဖူးတာလေးတစ်ခုရှိခဲ့ပါတယ်... ချစ်သောသူနဲ့ ခွဲပြီးတော့ကာ တစ်ခြားမြို့ကို သွားတဲ့အခါမှာပေါ့လေ... လသာတဲ့ညနဲ့ တိုက်ဆိုက်ခဲ့ရင် ဒါမျိုးလေး အမှာစကား ထားခဲ့တယ်ပေါ့... ဒီည လာသာလိမ့်မယ်နော်...လသာတဲ့အခါ ဘယ်အချိန်တိတိမှာ လမင်းလေးကို တို့တွေ ထိုင်ကြည့်ကြမယ်နော်...တို့ရဲ့အကြည့်တွေက အဲဒီမှာ သွားပေါင်းဆုံလိမ့်မယ်...ဒါဆိုရင် တို့မဝေးတော့ဘူး...အကြည့်ချင်း ဆုံနိုင်ခွင့်ကို လမင်းလေးက ဖန်တီးပေးလိမ့်မယ်... အကြည့်ချင်းဆုံပြီး စိတ်ကူလေးနဲ့ စကားတွေ ပြောကြမယ်ပေါ့ဗျာ...ဒီလို အချစ်လှိုင်းကို ပေါင်းဆုံပေးနိုင်တဲ့ အတွေးမျိုးလေးကို စဉ်းစားခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မဖွင့်ဟခဲ့ပါဘူး။ အခုတော့ တိုက်ဆိုင်လို့ ပြောပြတာပါနော...

ဒီတော့ အချစ်လှိုင်းတွေ ပေါင်းဆုံနိုင်ခွင့်ရှိရင် ကုသိုလ်လှိုင်းတွေကိုလည်း ပေါင်းဆုံခွင့်ရှိပါတယ်နော....အခု အင်တာနက် ပေါ်လာတော့ လသာည ကို စောင့်နေဖို့ မလိုတော့ပါဘူး။ လိုင်းကောင်းဖို့တော့ လိုတာပေါ့နော...ကုသိုလ်လှိုင်းတွေကို မျှဝေးပေးပြီး ကုသိုလ်ဓာတ်အားတွေ ဖြည့်နိုင်ကြစေဖို့ အကြံစို့ပေါ် အကောင်ထည်ဖော်လိုက်ပါပြီဗျ။

(ဘယ်နေ့) (ဘယ်နာရီ)မှာ (ဘယ်တရား) ကို (ဘယ်သူ့)ကို ရည်စူးပြီး အားလုံးသောသူများလည်း ဒီတရားကို နာကြားခွင့်ရကြပါစေ ဆိုတဲ့ (ကုသိုလ်ဆန္ဒ)ကို Cbox မှာ ရေးပေးလို့ရပါတယ်။ ကြိုးစားပြီး တိကျအောင် ဆောင်ရွက်ပေးပါ့မယ်... ဆောင်ရွက်ချက် ပျက်ကွက်ခဲ့ရင် နားလည်ပေးကြဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါရစေနော...

ဒါနဲ့တစ်ခု...တရားမလွှင့်မှီ... ဓမ္မမိတ်ဆွေများ၏ မိတ်ဆက်အသံလေးကိုပါ ထည့်သွင်းလွှင့်လိုပါကလည်း ထုတ်လွှင့်ပေးပါမည်။ ထိုနေ့ လွှင့်ပေးရန် တာဝန်ခံသူရဲ့ G-talk - Skype nick ကို Add ပြီး G-talk - Skype မှ ခေါ်ပြီးတော့ သူက ပြောရန် အချက်ပြ (1) လို့ရိုက်လိုက်တာနဲ့ ၂ မိနစ် ၃ မိနစ်ခန့် ပြောပြီး လွှင့်လိုသော တရားကို ဆက်လက်လွှင့်ပေးပါမည်။

ဒါနဲ့နှစ်ခု...စနေ့၊ တနင်္ဂနွေ နေ့တို့မှာလွှင့်ပေးဖို့ဆို ပိုမို၍ ကောင်းမွန်ပါသည်။ ကျန်ကြားရက်မှာလည်း ကြိုးစားဆောင်ရွက်ပေးပါမည်။ ကျောင်းချိန်နှင့် တိုက်ဆိုက်ပါက နားလည်ခွင့်လွှတ်ပေးပါ။ Cbox မှာ တရားတောင်းဆိုသွားသူအလိုက် အစဉ်ထားပြီး ထုတ်လွှင့်ပေးပါမည်။ တောင်းဆိုသူ အချိန်တူနေခဲ့လျင် ပထမတောင်းဆိုသူကို ဦးစားပေး ထုတ်လွှင့်ပေးပါရစေနော...လွှင့်ပေးမှု ပျက်ကွက်ခဲ့လျင် Cboxမှာ ကြေငြာပေးပြီး အချိန် ပြညှိကြပါမယ်...

အားလုံ တစ်ဦးပေါ်တစ်ဦး ခင်မင်လေးစား တန်ဖိုးထား နားလည်မှုရှိရှိဖြင့် လက်တွဲကြပါစို့...

လေးစားစွာဖြင့်

ဓမ္မသုခ ညီအစ်ကိုများ...

Last Updated ( Friday, 31 July 2009 19:53 )

You are Online!

Monday 15 June 2009

*ပေးဆပ်သူတို့ နှလုံးသား*

ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ကြသူများ ဖြစ်သည်။ အဖေနှင့်အမေ ကွယ်လွန်သွားချိန်မှစ၍ အစ်ကိုကြီးသည် ကျွန်တော့်အပေါ်တွင် အဖေလိုတစ်မျိုး အမေလိုတစ်သွယ် ပြုစု စောင့်ရှောက်ပေးခဲ့သည်။ အဖေနှင့်အမေ ချန်ထားခဲ့သော စီးပွားရေး လုပ်ငန်းများကို ပို၍တိုးပွားအောင် အစ်ကိုကြီးက ကြိုးစား လုပ်ဆောင်နိုင်ခဲ့ပြီး ကျွန်တော့်အား လူ့လောကတွင် လိုလေးသေးမရှိ မျက်နှာ မငယ်ရအောင် ပြုစု စောင့်ရှောက်ပေးခဲ့သည်။ အစ်ကိုကြီးသည် ပတ်ဝန်းကျင်က ချီးမွမ်း အားကျ ရလောက်အောင် ကျွန်တော့်အပေါ် တာဝန်ကျေခဲ့သည်။ ကျွန်တော်နှင့် အသက် ဆယ်နှစ်ခန့်ကွာသော အစ်ကိုကြီးသည် ကျွန်တော် ကျောင်းပြီးဘွဲ့ရ၍ အိမ်ထောင်ပြုချိန်ထိ လုံးဝအိမ်ထောင်မပြုဘဲ လူပျိုကြီးဘ၀နှင့် ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

ယခုကျွန်တော်၏ မင်္ဂလာပွဲတွင် လက်ဖွဲ့အနေဖြင့် အစ်ကိုကြီးသည် နောက်ဆုံးပေါ် ကားအသစ်စက်စက် တစ်စီးကို လက်ဖွဲ့၍ ဟန်းနီးမွန်းခရီး ထွက်စေခဲ့သည်။ ကျွန်တော်နှင့် ဇနီးသည်လည်း ဟန်းနီးမွန်းခရီး ထွက်လာရင်း ကားပေါ်တွင် ကျွန်တော်၏ ဇနီးသည်က ကျွန်တော့်အား

`မောင်ရဲ့အစ်ကိုကြီးက မောင့်အပေါ်မှာ တကယ်ကောင်းတာပဲနော်´

`အင်း ဟုတ်တယ် အမေနဲ့ အဖေမဆုံးခင်ကတည်းက ပဲခင်ရဲ့´

`ခင်ဖြင့် မောင့်အစ်ကိုကြီးက ဒီလောက်ကောင်းတဲ့ ကားကြီးကို လက်ဖွဲ့လိမ့်မယ်လို့ ယုံတောင်မယုံ နိုင်ဘူး´

`ခုယုံပြီမို့လား´ ဟုပြော၍ချစ်ဇနီး၏ မျက်နှာကို အစ်ကိုကြီးအတွက် ဂုဏ်ယူဝင့်ကြွားစွာ အပြုံးဖြင့် တစ်ချက် ကြည့်လိုက်ပြီး

`ခင် ဗိုက်ဆာနေပြီလား ရှေ့မှာမောင်ဒီဘက်ကို ခရီးထွက်တိုင်း စားနေကျ ဆိုင်ကောင်းကောင်းလေး ရှိတယ်၊ အဲဒီမှာပဲ စားလိုက်တော့မယ်နော်´

`အင်း မောင်ကောင်းသလိုစီစဉ်ပါ´ ဟုဆိုသောကြောင့် ကျွန်တော်တို့ လင်မယားလည်း ထမင်းဆိုင်လေးတွင် ကားရပ်ကာ ၀င်ရောက် စားသောက်ကြ လေသည်။ ထမင်းစားပြီး ဆယ်မိနစ်ခန့် ထမင်းလုံးစီကာ နားပြီးနောက် ဆက်လက် ခရီးထွက်ရန် ကျွန်တော်တို့လင်မယား ဆိုင်အပြင် ကားဆီသို့ လျှောက်လှမ်းလာရာ ကျွန်တော် တို့ကားအနီးတွင် ကလေးငယ် တစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုကလေးငယ်သည် အနည်းငယ် ဆင်းဆင်းရဲရဲ ပုံစံ ၀တ်ဆင်ထားပြီး ကျွန်တော်တို့ ကားလေးအား တအံတသြ အငမ်းမရ လှည့်ပတ်ငေးမော ကြည့်ရှုနေလေ သည်။ ကျွန်တော်လည်း ကလေးငယ်အား တရင်းတနှီး နှုတ်ဆက် မေးမြန်းလိုက်လေသည်။

`ဟေ့ချာတိတ် မင်းက ဒီကားကိုသဘောကျလို့လားကွ´

`ဟုတ် ဒီကားက အစ်ကို့ကားလားဗျ ကျွန်တော် အရမ်းစီးကြည့်ချင်လိုက်တာဗျာ´ ဟုမျက်နှာငယ်လေးနှင့် ဆိုရှာလေသည်။

`အေးကွ ဒီကားက အစ်ကို့ကို အစ်ကို့ရဲ့ အစ်ကိုကြီးက မင်္ဂလာ လက်ဖွဲ့အနေနဲ့ ၀ယ်ပေးတာကွ´ လို့ဆိုတော့ ကလေးငယ်က အံသြသော အားကျသော မျက်လုံးများနှင့် ကျွန်တော့်အား

`ဒါဆို အစ်ကိုကြီးက ဒီကားကို ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ရထားတာ ပေါ့နော်၊ အရမ်းအားကျဖို့ ကောင်းတာပဲဗျာ´

`အေးပေါ့ကွ´ ဟု ကျွန်တော်က ဆိုလိုက်လေရာ ကလေးငယ်သည် `အင်း´ ဟုသက်ပြင်းရှည်ကြီးချ၍ ကျွန်တော် မထင်မှတ် ထားသော စကားအား ပြောချလိုက်လေရာ ဒီတစ်ခါ အံသြသွားရသူမှာ ကျွန်တော် ဖြစ်သွား လေသည်။ ကလေးငယ် ပြောလိုက်သောစကားမှာ

`ကျွန်တော်လည်း အဲဒီလို အစ်ကိုကြီးမျိုး ဖြစ်ချင်လိုက်တာဗျာ´ တဲ့။

ကျွန်တော် လည်းကလေးငယ်၏ မျက်နှာကို စေ့စေ့ကြည့်၍ သနားသွားပြီး သူ့အား

`ချာတိတ် မင်းဒီကားကို မြို့တစ်ပတ်လောက်မစီးကြည့်ချင်ဘူးလား´

ကလေးငယ်လည်းဝမ်းသာအား ရဖြင့်

`အစ်ကို တစ်ကယ်ပြောတာလား ဒါဆို ကျွန်တော့်အိမ်ကို အရင်မောင်းပေးပါလား အိမ်ခဏ၀င်ပြီး ညီလေး ကိုလည်း ပေးစီးချင်လို့ပါ´

ဟု ဆိုသောကြောင့် ကျွန်တော်လည်း ကလေးငယ်အား တင်ဆောင်၍ ထိုကလေးငယ်၏ လမ်းပြမှုဖြင့် သူ့အိမ်သို့ အရောက်တွင် ကလေးငယ်သည် ကားပေါ်မှ ဆင်းကာ ညီလေးရေ ညီလေးရေဟု တကြော်ကြော် အော်ခေါ်ကာ အိမ်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားလေသည်။ ထို့နောက် အိမ်ပေါ်မှပြန်ဆင်း အလာတွင် သူသည် ခြေထောက် မသန်စွမ်းသော ကလေးတစ်ဦးအား ချီကာ ကျွန်တော်တို့ ကားဆီသို့လျှောက် လာပြီး သူ၏ညီငယ်အား

`ညီလေးရေ ဒီကားက ဟောဒီ အစ်ကိုရဲ့အစ်ကိုကြီးက ၀ယ်ပေးတာတဲ့ ကိုကြီးလည်း တစ်နေ့ကျရင် ဒီလိုကားမျိုး ညီလေးစီးဖို့ ၀ယ်ပေးမယ်လို့ ကတိပေးတယ်နော် ကိုကြီး ကြိုးစားမယ်သိလား´

ဟု စိတ်အား ထက်သန်စွာပြောဆိုပြီး ကျွန်တော်လည်း သူတို့ ညီအစ်ကိုနှစ်ယောက်နှင့် အတူ မြို့တစ်ပါတ် လျှောက်လည်အပြီး ဟန်းနီးမွန်း ခရီးတစ်လျှောက်လုံးတွင် ကျွန်တော့် အစ်ကိုကြီး၏ ကျေးဇူးမျက်နှာကို မြင်ယောင်ပြီး ရယူခြင်းမှရရှိသော ပီတိထက် ပေးဆပ်ခြင်းမှ ရရှိသော ပိတိသည် ပို၍ချိုမြိန် အရသာ ရှိကြောင်းကို နားလည်ခံစား သိရှိလိုက်ရ ပါတော့သည်။

+++++++++++++++++++++++++++++++++++++

ဒီ အကြောင်းအရာ လေးကိုတော့ ကျွန်တော် ဖတ်ဖူးခဲ့တာ ကြာပါပြီ။ ဆရာဖေမြင့်ရေးတဲ့ စာအုပ် တစ်အုပ်ကပါ။ စာအုပ်နာမည်တော့ မမှတ်မိတော့ ပါဘူး။ “နှလုံးသား အာဟာရ” ပဲထင်ပါတယ်။ နံပါတ်စဉ်လည်း မေ့သွားပါပြီ။ အခု အကြောင်း အရာလေးက ဆရာဖေမြင့်ရေးတဲ့ စာအုပ်နဲ့ အရေးအသား အနည်းငယ် ကွဲပေမယ့် သဘောတရား ကတော့ အတူတူပါပဲ။ မေးကနေ ရလာတဲ့ ဒီအကြောင်းလေးကို ပြန်ဖတ်မိတော့ အစ်ကို အရင်းနဲ့ မခြား ကျွန်တော့်အပေါ် ကောင်းခဲ့တဲ့ ကျွန်တော့်ရဲ့ ဖအေတူ မအေကွဲ အစ်ကိုရဲ့ ကျေးဇူးတွေကို ပြန်ပြောင်း သတိရမိသွားတယ်။ အကြိမ်ကြိမ်လည်း ကျေးဇူးတင်လို့ ဦးခိုက်မိပါရဲ့ဗျာ…။

ဓမ္မမောင်နှမတို့ကိုလည်း ပေးဆပ်ခြင်းရဲ့ အရာသာကို ခံစားနိုင်စေခြင်းငှာ ဒီပို့စ်လေးကို မျှဝေလိုက်ပါတယ်။ ဓမ္မမောင်နှမတို့ မိမိတို့ရဲ့ ဆွေမျိုး သားချင်း အတွက်သာမက လောကကြီးအတွက်ပါ ပေးဆပ်တတ်သူများ ဖြစ်နိုင်ကြပါစေ။ ဖြစ်အောင်လည်း အားထုတ်နိုင်ပါစေ။


စာရှုသူ ဓမ္မမိတ်ဆွေတို့ အကျိုးကို အစဉ်မျှော်ကိုးလျက်
လေးစားစွာဖြင့်
ဖိုးသား

6/15/2009, MON:, 1:00:00 AM

!--READ-MORE-STARTS-->

1 comment:

  1. ရင်ထဲကို ထိမှန်စေတဲ့ စာလေးတစ်ပုဒ်ပါ ဖိုးသား။
    အဆင်ပြေပါစေ။

    ReplyDelete

pyaesoneaung2007@gmail.com

 
Bookmark and Share