*သဗ္ဗဒါနံ၊ ဓမ္မဒါနံ၊ ဇိနာတိ-အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်*
အွန်လိုင်းပေါ်တွင် ဘာသာတရားနှင့်ပက်သက်၍
ဆိုက်များအား လိုက်လံရှာဖွေရာတွင် မိမိမှာ နည်း
ပညာကျွမ်းကျင်မှုနည်းပါးလို့ပဲဖြစ်မယ်ထင်ပါတယ်
ဆိုက်အရေအတွက်က နည်းနေမိတယ်လို့ ခံစားရမိပါတယ်
ရင်ထဲမှာပြင်းပြတဲ့ခံစားမှုတစ်ခုဖြစ်ပေါ်လာမိပါတယ်
ဘာသာရေးဆိုက်တစ်ဆိုက်လောက် တင်ချင်မိတယ်ပေါ့
ဘယ်လိုတင်ရမလဲ၊ ဘာတွေလိုအပ်သလဲ၊ ဘာတွေလေ့လာရမလဲပေါ့လေ။
အများအတွက်တော့ မသိပေမယ့် ကိုယ့်အတွက်တော့
သိပ်ပြီးမလွယ်ကူဘူးဖြစ်နေတယ်။
ဒါပေမယ့် လျှောက်မယ်ဆိုမှတော့ လမ်းဆုံးထိရောက်အောင်
သွားရမယ်ဆိုတဲ့ ယူဆချက်တစ်ခုနဲ့ ဒိဆိုက်လေးတစ်ခု ဖြစ်လာတာပါ
မိမိရဲ့အားနည်းချက်ကြောင့် နည်းပညာ အပေါင်းအသင်း
မိတ်ဆွေကလည်း နည်းပါး၊ နည်းပညာကလည်း မသိနားမလည်နဲ့
ဆိုက်လေးတစ်ခု ဖြစ်လာခဲ့တဲ့အတွက် ၀မ်းသာပိတိ ဖြစ်ရတာ ဘာနဲ့မှ
မလဲ နိင်တော့သလိုပဲ...
ကျွန်တော်ဆန္ဒကတော့ နည်းပညာ ညီအစ်ကိုမောင်နှမတွေ
စုပေါင်းပြီး ဒီထက်ပိုမိုကောင်းမွန်သော ဆိုက်လေးတစ်ဆိုက် ဖြစ်စေချင်မိပါတယ်
သူငယ်ချင်း ညီအစ်ကိုမောင်နှမ များမှ ၀ိုင်းဝန်ကူညီ
ပေးစေချင်မိပါတယ်... !--READ-MORE-STARTS-->
