*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*

Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow

*တရားတော် တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်*

Live!
Dhamma Request Print E-mail
Written by Administrator
Friday, 31 July 2009 02:30

မင်္ဂလာပါ ခင်ဗျား...

တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး အဝေးရောက်နေကြတာရှိကြပါတယ်။ အဲဒီမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်တရားကိုတော့ဖြင့် နာယူခွင့်ရစေချင်တယ်... ပြီးတော့ တစ်ချိန်တည်းမှာ အတူတူနာယူချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေက တစ်ဦးတစ်ယောက်မှာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အကောင်းအထည်ဖော်ပေးချင်ပါတယ်။

ငယ်ငယ်က စဉ်းစားဖူးတာလေးတစ်ခုရှိခဲ့ပါတယ်... ချစ်သောသူနဲ့ ခွဲပြီးတော့ကာ တစ်ခြားမြို့ကို သွားတဲ့အခါမှာပေါ့လေ... လသာတဲ့ညနဲ့ တိုက်ဆိုက်ခဲ့ရင် ဒါမျိုးလေး အမှာစကား ထားခဲ့တယ်ပေါ့... ဒီည လာသာလိမ့်မယ်နော်...လသာတဲ့အခါ ဘယ်အချိန်တိတိမှာ လမင်းလေးကို တို့တွေ ထိုင်ကြည့်ကြမယ်နော်...တို့ရဲ့အကြည့်တွေက အဲဒီမှာ သွားပေါင်းဆုံလိမ့်မယ်...ဒါဆိုရင် တို့မဝေးတော့ဘူး...အကြည့်ချင်း ဆုံနိုင်ခွင့်ကို လမင်းလေးက ဖန်တီးပေးလိမ့်မယ်... အကြည့်ချင်းဆုံပြီး စိတ်ကူလေးနဲ့ စကားတွေ ပြောကြမယ်ပေါ့ဗျာ...ဒီလို အချစ်လှိုင်းကို ပေါင်းဆုံပေးနိုင်တဲ့ အတွေးမျိုးလေးကို စဉ်းစားခဲ့ပြီးတော့ ဘယ်သူ့ကိုမှ မဖွင့်ဟခဲ့ပါဘူး။ အခုတော့ တိုက်ဆိုင်လို့ ပြောပြတာပါနော...

ဒီတော့ အချစ်လှိုင်းတွေ ပေါင်းဆုံနိုင်ခွင့်ရှိရင် ကုသိုလ်လှိုင်းတွေကိုလည်း ပေါင်းဆုံခွင့်ရှိပါတယ်နော....အခု အင်တာနက် ပေါ်လာတော့ လသာည ကို စောင့်နေဖို့ မလိုတော့ပါဘူး။ လိုင်းကောင်းဖို့တော့ လိုတာပေါ့နော...ကုသိုလ်လှိုင်းတွေကို မျှဝေးပေးပြီး ကုသိုလ်ဓာတ်အားတွေ ဖြည့်နိုင်ကြစေဖို့ အကြံစို့ပေါ် အကောင်ထည်ဖော်လိုက်ပါပြီဗျ။

(ဘယ်နေ့) (ဘယ်နာရီ)မှာ (ဘယ်တရား) ကို (ဘယ်သူ့)ကို ရည်စူးပြီး အားလုံးသောသူများလည်း ဒီတရားကို နာကြားခွင့်ရကြပါစေ ဆိုတဲ့ (ကုသိုလ်ဆန္ဒ)ကို Cbox မှာ ရေးပေးလို့ရပါတယ်။ ကြိုးစားပြီး တိကျအောင် ဆောင်ရွက်ပေးပါ့မယ်... ဆောင်ရွက်ချက် ပျက်ကွက်ခဲ့ရင် နားလည်ပေးကြဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါရစေနော...

ဒါနဲ့တစ်ခု...တရားမလွှင့်မှီ... ဓမ္မမိတ်ဆွေများ၏ မိတ်ဆက်အသံလေးကိုပါ ထည့်သွင်းလွှင့်လိုပါကလည်း ထုတ်လွှင့်ပေးပါမည်။ ထိုနေ့ လွှင့်ပေးရန် တာဝန်ခံသူရဲ့ G-talk - Skype nick ကို Add ပြီး G-talk - Skype မှ ခေါ်ပြီးတော့ သူက ပြောရန် အချက်ပြ (1) လို့ရိုက်လိုက်တာနဲ့ ၂ မိနစ် ၃ မိနစ်ခန့် ပြောပြီး လွှင့်လိုသော တရားကို ဆက်လက်လွှင့်ပေးပါမည်။

ဒါနဲ့နှစ်ခု...စနေ့၊ တနင်္ဂနွေ နေ့တို့မှာလွှင့်ပေးဖို့ဆို ပိုမို၍ ကောင်းမွန်ပါသည်။ ကျန်ကြားရက်မှာလည်း ကြိုးစားဆောင်ရွက်ပေးပါမည်။ ကျောင်းချိန်နှင့် တိုက်ဆိုက်ပါက နားလည်ခွင့်လွှတ်ပေးပါ။ Cbox မှာ တရားတောင်းဆိုသွားသူအလိုက် အစဉ်ထားပြီး ထုတ်လွှင့်ပေးပါမည်။ တောင်းဆိုသူ အချိန်တူနေခဲ့လျင် ပထမတောင်းဆိုသူကို ဦးစားပေး ထုတ်လွှင့်ပေးပါရစေနော...လွှင့်ပေးမှု ပျက်ကွက်ခဲ့လျင် Cboxမှာ ကြေငြာပေးပြီး အချိန် ပြညှိကြပါမယ်...

အားလုံ တစ်ဦးပေါ်တစ်ဦး ခင်မင်လေးစား တန်ဖိုးထား နားလည်မှုရှိရှိဖြင့် လက်တွဲကြပါစို့...

လေးစားစွာဖြင့်

ဓမ္မသုခ ညီအစ်ကိုများ...

Last Updated ( Friday, 31 July 2009 19:53 )

You are Online!

Showing posts with label အကြိုက်ဆုံးကဗျာများ. Show all posts
Showing posts with label အကြိုက်ဆုံးကဗျာများ. Show all posts

Sunday, 8 August 2010

*ဆိုင်ခင်းလျက်ပဲ*

အညာလှေ
အညာမြေ ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ထန်းလျက်ခဲရယ်နဲ့
ပဲမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။

တံငါလှေ
တံငါမြေ ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ပုစွန်ကျားရယ်နဲ့
ငါးမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။

ကမ်းစပ်မှာ မြှောင်
အိုးဖောင် ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။

ကမ်းစပ်မှာ မြှောင်
ငါးဖောင်ကုန်ရောင်းဖို့၊ ဒီချောင်းမှာ နား။
ခယင်ငါးရယ်နဲ့
ငါးမျိုးစုံကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။

ဒီလမ်းက ပန်းဗေဒါ။
ဆုန်ရေ စန်ရေနဲ့
ထုံပေပေ သူမနား၊ သွားရခါခါ။
ပါပါစ ရောင်းစရာ၊ ပါရာဘု သူတို့နည်း။

အပြာမှာ အ၀ါ ကွက်ကယ်နဲ့
အတက်မှာ သူရွှင်ပြပေမဲ့
ကျလည်းလေ သူမငြင်းရှာဘု
ဒီချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျက်ပဲ။ ။

ဆရာဇော်ဂျီ
!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Friday, 21 August 2009

*ကဗျာအားမာန် စာအားမာန်*

လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများ ကျန်မည်နည်း
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည် ကျန်မည်နည်း
အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည်း
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ပူသောအေးသော နုသောကြမ်းသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။

အေးငွေ

++++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

8/21/2009, FRI:, 5:38:23 AM
!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Tuesday, 16 June 2009

*ဘ၀စက်ဝိုင်းမှာ ခဏ half-time မရှိပါ*

အိပ်လို့မ၀သေးတဲ့
ငါ့မနက်ခင်းလေးမှာ
ညတုန်းက
ကင်းစောင့်တဲ့
လမင်းနဲ့ ကြယ်လေးတွေပြန်ပြီ။

နှိုးစက်မလိုဘဲ
စောစီးစွာထတဲ့ ငှက်တွေက
လောကကို လှုပ်နှိုး။

ဖိုးသူရိန်ကြီးကလည်း
အလုပ်ခွင်ဝင်ဖို့ ပြင်နေ။

စမ်းချောင်းလေးကလည်း
မစီးဆင်းသလိုနဲ့ အမြဲစီးဆင်း။

ငါတို့
နေထိုင်ရာ လောကထဲကို
အသစ်လာတဲ့ သူတွေလည်း
လာနေကြ။

ငါ့ရဲ့
ခန္ဓာကိုယ်ဖြစ်စဉ်ကလည်း
ငါ့ကို
တစ်ရက် ကြီးရင့်ခြင်းသို့ ခေါ်ဆောင်။

သံသရာခရီးကို
ကြိုသွားနှင့်သူတွေက
သွားကြပေါ့။

နာရီချက်တိုင်းနဲ့အတူ
ရာသီစက်ဝိုင်းက
ပုံမှန်လည်ပတ်နေခဲ့ပြီ။

ဒီဖြစ်စဉ်တွေဟာ
တစ်နေ့ထဲမဟုတ်ဘဲ
နေ့တိုင်းတွေ့မြဲပေါ့။

သူတို့လည်း
သူ့အလုပ်နဲ့ သူ
ကိုယ်လည်း
ကိုယ့်အလုပ်နဲ့ ကိုယ်
လည်ပတ်နေကြတဲ့
ဘ၀ယန္တရားမှာ
အော်...
ခဏ လမ်းသလားဖို့
အချိန်တောင် မရှိပါလား...။ ။

ဒီနှင်းနေ (TGI)

လေးစားစွာဖြင့်
ဖိုးသား

!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Saturday, 13 June 2009

*Life*

Life


When life is an opportunity, benefit from it.

When life is a beauty, appreciate it.

When life is a dream, realize it.

When life a challenge, meet it.

When life is a duty, perform it.

When life is a journey, complete it.

When life is a mystery, unfold it.

When life is a problem, solve it.

When life is a milestone, keep it in view.

When life is a bliss, taste it.

When life is a game, play it.

When life is a promise, fulfill it.

When life is a sorrow, overcome it.

When life is a song, sing it.

When life is a struggle, accept it.

When life is a tragedy, confront it.

When life is an adventure, dare it.

When life is luck, make it.

When life is life, fight for it.


မေးကနေ ရရှိလာတဲ့ ကဗျာလေးကို ကိုလေလွှင့်သူ ဘလော့မှာ ဖော်ပြထားတဲ့ ကဗျာလေးနဲ့ ပေါင်းစပ်လို့ ထပ်လောင်း မျှဝေအပ်ပါတယ် ခင်ဗျာ…။


လေးစားစွာဖြင့်
ဖိုးသား

6/13/2009, SAT:, 1:32:39 PM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Saturday, 9 May 2009

*သူ့မှာတမ်းနှင့် ငါ၏မှာတမ်း*

*သူ့မှာတမ်း*

အားပါးပါး တော်သေးတာပေါ့။ ရေးမယ်လို့ ခေါင်းစဉ်တပ်ပြီးမှ ပထမဆုံး အပိုဒ်ကို မေ့သွားတာ၊ memory မနည်း ပြန်ခေါ်လိုက်ရတယ်။ ဒီကဗျာလေးက ကျွန်တော်တို့ ပထမနှစ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေး။ တအားကြိုက်မိတယ်။ အရေးအသား လေးလုံးစပ်လေးနဲ့ ကာရန်ယူပုံကော၊ နောက် အကြောင်းအရာကော။ ကျွန်တော်ကတော့ ကြိုက်မိရင် အလွတ်ကို ကျက်ထားလိုက်တော့တာ။ ရေးသူက ဆရာကြီး မင်းသုဝဏ်ထင်တယ်။ ကျွန်တော့်လိုပဲ ကွမ်းခြံကုန်းသား.. ကြွားတာ ဟဲ ဟဲ။ ခံစားကြည့်ပါဦး။

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားအား
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

အမောင်ပြောက်ကျား၊ မိဖအားကို
ဘာများမှာကြားလိုသနည်း။

မွေးသည့်မိခင်၊ ကျွေးဖခင်အား
ဦးတင်ခဲ့ကြောင်းပြောပါလေ။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာကြားလိုသနည်း။

ငယ်ကကြင်မြတ်၊ မိသတ်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်းပြောပါလေ။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာကြားလိုသနည်း။

ခရီးမတ်တပ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွါ၊ ခွဲရပါ၍
အားနာခဲ့ကြောင်းပြောပါလေ။

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းဝယ်
နေလုံးကွယ်လေပြီတကား။ ။

>>> တိုင်းပြည်အတွက် မှာကြားချက်လေး ရေးဖွဲ့ထားတာကို အကြိုက်ဆုံးပဲဗျာ။

လေးစားစွာဖြင့်
ဖိုးသား

13.01.2009, TUE:, 02:48:52 AM

*************************************************

*ငါ၏မှာတမ်း*

အရှင်ဝိဇ္ဇောတ (ဓမ္မဒူတ)


လူတို့ဖြစ်လာ၊ ဤမြေကမ္ဘာဝယ်
‘၀ိဇ္ဇာ’ သိပ္ပ၊ ဤနှစ်ဝကို
ဘ၀ဆက်ရေး၊ စားသောက်ရေးနဲ့
နေရေးစသည်၊ အလီလီတွက်
သင်သည်သင်မှု၊ ကောင်းစွာပြုလော့။

ဤသို့သင်လေ၊ သင်နေပေငြား
သင်ပြီးငြားက၊ ရှာထားပစ္စည်း
ငွေလက်သီးအောင်၊
ကျင့်ဆောင်ပါလေ၊ ကျင့်နိုင်စေ။

ထိုသို့များစွာ၊ ရှာဖွေရာလည်း
ဉာဏ်မှာထင်မှတ်၊ ငါသင်အပ်သော်
မကပ်လော ‘ဇော’ ၊ ဒေါသဇောနှင့်
စိတ်ရောကိုယ်ပါ၊ မောဟခွါလျက်
ရှာဖွေတတ်စေ၊ သိမှတ်လေ။

ထိုသို့များများ၊ ရှာဖွေငြားမှ
များများကောင်းကျိုး၊ လောကကျိုးနှင့်
များကျိုးအတွက်၊ သင်ရွက်နိုင်မည်
ထမ်းနိုင်မည်ပ၊ လိုသည်ကတော့
များလှပစ္စည်း၊ ရှာဖွေပြီးက
မငြီးမကွန့်၊ သင်မတွန့်ဘဲ
များစွာစွန့်ချေ၊ ထပ်သိစေ။

ထိုမှ ‘တ’ ဆင့်၊ ထပ်လောင်းဆင့်သော်
ရှိသင့်ရှိအပ်၊ သင့်ဘ၀င်ထက်ဝယ်
မပျက်သီလ၊ ကျင့်ဌာနကို
သင်ကကျင့်စေ၊ စွမ်းနိုင်စေ။

ဤသို့သီးသီး၊ သင်စွမ်းပြီးက
ပျက်စီးခန္ဓာ၊ စဉ်အလာကို
ကောင်းစွာနှလုံး၊ သင်မွေ့ထုံးလျက်
မပျက်သုဉ်းခင်၊ အဆုံးဖြစ်ပျက်
မြင်တွေ့အပ်အောင်
သင်ထပ်ကျင့်လေ၊ ကျင့်နိုင်စေ။ ။

>>> ဒီကဗျာလေးကတော့ ဖိုးသားကို သွန်သင်ဆုံးမပေးနေတဲ့ ဦးဇင်းဝိဇ္ဇောတရဲ့ ဘွဲ့တော်လေးကို ပူဇော်သမှုနဲ့ ရေးစပ်လိုက်ခြင်းပါ။

>>> အားလုံးသော ဓမ္မမိတ်ဆွေများ ဖတ်တဲ့အတိုင်းလည်းသိ၊ သိတဲ့အတိုင်းလည်းကျင့်၊ ကျင့်တဲ့အတိုင်းလည်း ရနိုင်ကြပါစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

18.01.2009, SUN:, 04:57:09 AM !--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....

Tuesday, 5 May 2009

*ငါး*


လှိုင်းတွေက ထန်တာလား၊

တံငါသည်က မိုက်တာလား၊

ကံဆိုးလိုက်တဲ့ ငါး။



အသက်နဲ့ရင်းတာက တံငါ၊

အသက်ပေးရတော့ ငါး၊

မကြားဝံ့မနာသာ၊

ဈေးဆစ်ကြတာက သူတို့။



ကဲ... ဒီတော့

ရေစီးကပဲ ကြမ်းတာလား၊

ကမ်းပါးကပဲ နုတာလား၊

ဟိုမှာတော့ သောင်ထွန်း၊

ဒီမှာကျ ကမ်းပြို၊

အချိန်ကိုတော့ တိုလို့တဲ့၊

ခုတော့... နေညိုနေပြီလေ။ ။



သုခရိပ်

ကိုသုခရိပ် ရေးစပ်ထားတဲ့ ကဗျာလေးပါ... ရွှေပြည်သူ ဘလော့ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်... ဖတ်လေလေ အဓိပ္ပါယ် ပြည့်လေပါပဲ...

လေးစားစွာဖြင့်
ဖိုးသား

14.02.2009, SAT:, 02:48:43 AM

!--READ-MORE-STARTS-->
ဆက်လက်ဖတ်ရှုရန်.....
 
Bookmark and Share