အေးချမ်းတဲ့ ဆောင်းညလေး တစ်ညမှာ ပေါ့ဗျာ.. သူငယ်ချင်း နှစ်ယောက် အရက်မူးပြီး အဆောင်မှာ သောင်းကျန်းတယ်။ သူ့တို့ဟာ သူသောင်း ကျန်းရုံတင် အားမရဘဲ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းကို ကော်ကော် ပြီးဆဲတယ်ဗျာ ..။ ဘာတွေ မကျေနပ် မှန်းလည်း မသိပါဘူး..။ တရားရှု ကြည့်ပေမယ့်လည်း ကျွန်တော့်ရင်ထဲမှာ ဒေါမနဿ တွေနဲ့ တအားကို ပူလောင် ခံစားခဲ့ရပါတယ်။ ဒီကဗျာလေးက အဲဒီ ခံစားချက် လေးကို ရင်ဖွင့် ထားတာပါ။ တရံရော အခါကပေါ့ဗျာ...
လောကဓံ မနှိပ်စက်လည်း
(သူ)လောဘမာန် အဆိပ်တက်လို့
ဒေါသဟန်တွေ ဖိတ်ထွက်ခဲ့...။
အရှုံးပေးခဲ့တာ မဟုတ်ပါ
အမုန်းဝေးစေဖို့
နှလုံးအေးခဲ့တာ...။
သူငယ်ချင်းရေ...
မင်းမခံစားရလည်း
သင်းမာန်ပွားလို့
(ငါ)နပင်းကျန်ချင်ခဲ့သေး...။
ဒါပေမယ့်...
ရန်မပီသစေဖို့
ခန္တီစကို ကျင့်သုံးခဲ့...။
အော်...
ဆူဝေစေတဲ့ အရက်တန်ခိုးကြောင့်
လူတွေပေမယ့် အရှက်တန်ဖိုး နည်းခဲ့တာပါကလား...။ ။
လေးစားစွာဖြင့်
ဖိုးသား
4/21/2009, TUE:, 9:43:49 PM !--READ-MORE-STARTS-->
အရက်ကြောင့် လူတွေဟာ အမှားမျိုးစုံကို ကျူးလွန်တတ်တယ်ဆိုတာလေး ကိုရေးထားတာ ကောင်းပါတယ်..
ReplyDelete